Thursday, September 8, 2011

23rd 8888 (8 8 2011)japan


http://www.youtube.com/user/zayyar20283 မှာ hd vedio ကို ကြည့် နိုင်ပါပြီ (၂၃)နှစ်ပြည့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ချီတက် ဆန္ဒပြပွဲ အခမ်းအနား ကို ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ ဦးစီး၍ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ မြန်မာ့အရေးကို ကူညီ ဆောင်ရွက်ပေးကြသည့် NGO အဖွဲ့များ ၊ ဂျပန်အလုပ်သမား သမဂ္ဂများနှင့် ဂျပန်လူမျိုးများ တို့လည်း ပူးပေါင်းပါဝင် ခဲ့ကြပါသည်။
မြန်မာစစ်အခွန်ရုံး(သံရုံး) ရှေ့ဖြတ်သန်းကာ အနီးရှိ ပန်းခြံတွင် အဆုံးသတ်ခဲ့ပါသည်။ ကျင်းပရေးကော်မတီ ကိုယ်စား ဦးကျော်ကျော်စိုးမှ ချီတက် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြသည့် ဒီမိုကရေစီ အင်အားစုများကို ကျေးဇူးတင် စကားပြောကြားပြီး အခမ်းအနားကို ညနေ ၄း၀၀ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။ ချီတက်ဆန္ဒပြပွဲသို့ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွစွာလှုပ်ရှားသူ စုစုပေါင်း အင်အား(၉၀၀)ကျော် တက်ရောက်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment