Monday, December 2, 2013


ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပမယ့် Miss International Beauty Pageant 2013ပြိုင်ပွဲအတွက် မြန်မာကိုယ်စားပြု မန္တလေးသူ ဂုဏ်ရည်အေးကျော်ဒီဇင်ဘာ (၃)ရက်နေ့ မနက် ၇နာရီခွဲခန့်မှာ ဗီယက်နမ် (VN310) လေကြောင်းလိုင်းဖြင့် ဂျပန်နိုင်ငံ နာရီတာ လေဆိပ် သို့ ရောရှိလာပါသည် လာမယ့်ဒီဇင်ဘာလ ၇ရက်နေ့မှ ဒီဇင်ဘာလ ၁၇ရက်နေ့ထိ ကျင်းပမယ့် Miss International Beauty Pageant 2013ပြိုင်ပွဲပွဲနောက်ဆုံးနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၁၇ရက်နေ့မှာတော့ (တိုကျို မြန်မာသံရုံးရှိရာ မြို့ဖြစ်တဲ့) ဆုပေးပွဲအား Shinagawa Prince Hotel Hall အတွင်း ညနေ(၅)နာရီမှ ည(၉)နာရီအထိ မှာ ကျင်းပမှာဖြစ်ပါတယ်..။ လက်မှတ် ဝယ်ယူရန်လင့်ခ် (http://au.ibtimes.com/articles/526079/20131129/522109-522126-522385-525769-525138-525150-52503.htm#.Upsb4-Il-GR). (မှတ်ချက် ယန်း၃၀၀၀တန် လက်မှတ်များ ကုန်ဆုံးသွာပြီ ဖြစ်တဲ့ အတွက် ယန်း ၁၀၀၀၀တန်လက်မှတ်များသာ ကျန်ရှိတော့ပါတယ်..) ယခင် ၂၀၁၂ခုနှစ်က နန်းခင်ဇေယျာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ Miss International Beauty Pageant 2012 ပြိုင်ပွဲအားလည်း ဂျပန်နိုင်ငံ တောင်ဘက်စွန်းရှိ အိုကီနာဝါကျွန်းမှာ ကျင်းပခဲ့တာဖြစ်ပြီး တိုကျိုမြို့နဲ့ အလှမ်းဝေးကွာတဲ့ အတွက် တိုကျိုမြို့မှ မြန်မာမိသားစုများ သွားရောက်အားပေးဖို့ အခြေအနေခက်ခဲခဲ့ပါတယ်..။ ယနေ့ ကြုံတောင့် ကြုံခဲတဲ့ တိုကျိုမြို့မှ မြန်မာမိသားစုများ သိရှိရာ ရှိနာဂါဝမြို့မှ Prince Hotel Hall မှာ ကျင်းပမှာ ဖြစ်တဲ့အတွက် သွားရောက်အားပေးဖို့ လွယ်ကူ အဆင်ပြေတဲ့ နေရာဖြစ်ပါတယ်..။ Miss International Crown ဆုအပြင် Special awardsများအဖြစ် Miss Friendship Miss Photogenic Miss Talent Best National Costume Miss Internet Miss JOICFP ဆုများအားလည်း ချီးမြှင့်မှာ ဖြစ်ပါတယ်..။ ယခုတကြိမ်မှာ မြန်မာပြည်သားတွေ တောင့်တနေတဲ့ Miss International Crown ဆုအပြင် မြန်မာပိုင် Miss Internetဆုအတွက်လည်း အစဉ်အလာမပြတ် အောက်မှ လင့်ခ်(၃)ခုမှာ သွားရောက် Vote လုပ်ပေးကြဖို့ တောင်းဆိုရင်း (၁)http://359906.tbits.me/?option_id=444280 (လောလောဆယ် အဆင့် (၅)ရောက်နေတဲ့ MISS INTERNATIONAL® 2013 PEOPLE'S CHOICE) (၂) နောက် Vote တခုဖြစ်တဲ့ https://apps.tradablebits.com/tb_app/349344 Who will be Miss International 2013? (၃)https://www.facebook.com/BeautyPageantGS?sk=app_129324060456864&app_data ဂုဏ်ရည်အေးကျော် Fan Page https://www.facebook.com/GonyiAyeKyaw Miss International Beauty Pageant 2013ပြိုင်ပွဲအတွက် မြန်မာကိုယ်စားပြု မန္တလေးသူ ဂုဏ်ရည်အေးကျော် မြန်မာပြည်သူတွေရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းနိုင်ပါစေကြာင်း....

No comments:

Post a Comment