Sunday, February 9, 2014

တိုကျိုတွင် ကျင်ပြုလုပ်သည့် (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား


၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလ(၉)ရက်။ (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုအခမ်းအနားကို ဂျပန်နိုင်ငံ တိုကျို Toshima-ku Kumi Center,Hall တွင် ယနေ့ ဖေဖေါ်ဝါရီလ ၉ ရက်နေ့ ညနေ ၃း၀၀ နာရီမှ စတင်၍ ဂျပန်နိုင်ငံရှိ တိုင်းရင်းသားများ အဖွဲ့အစည်းတို့မှ ဦးစီး ကျင်းပပြုလုပ်ခဲ့ပါသည် အဆိုပါ အခမ်းအနားတွင် အပိုင်း ၂ပိုင်းခွဲကာ ကျင်းပပြုလုပ်ပြီး ပထမပိုင်း အစီအစဉ်တွင် ပင်လုံစိတ်ဓါတ် ပြည်ထောင်စုစိတ်ဓါတ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး စသည့် အနာဂတ်တည်ဆောက်လိုသော ပြည်ထောင်စုအကြောင်းအရာများကို ဆွေးနွေးသွားခဲ့ပါသည်။ ဒုတိယပိုင်း အခမ်းအနား အစီအစဉ်မှာ ဂျပန်နိုင်ငံရောက် ပြည်ထောင်စုဘွား တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု အဆို အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက် သွားခဲ့ကြပြီး (၆၇) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ညနေ ၆း၀၀ နာရီမှာ ပြီးဆုံးခဲ့ကြကြောင်း သိရှိရပါသည်။ သတင်းမှတ်တမ်း။ Mai Kyaw Oo

No comments:

Post a Comment