Sunday, September 4, 2011

66th DAW AUNG SAN SUU KYI BIRTHDAY



မြန်မာ့ အမျိုးသားခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၆)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်
ဂျပန်အရှေ့မြောက် ငလျင်နှင့် ဆူနာမိ သဘာဝ ဘေးဒဏ်သင့် ဒေသသို့ မြန်မာနိုင်ငံသားများမှ လုပ်အားပေးနှင့် ဒုက္ခသည်များအား ချက်ပြုတ် ကျွေးမွေးရေး အစီအစဉ်ကို တတိယ အကြိမ်မြောက် ခရီးစဉ်အဖြစ် Miyagi Kan, Ishinomaki မြို့ နှင့်အနီးတဝိုက် သို့ တရက်သာ သွားရောက် ကြမည်ဖြစ်ပါသည်။
လုပ်အားပေး ခရီးစဉ်တွင် ပစ္စည်းတင်ကား တစ်စီး အပါအ၀င် လူစီးကား ကြီး ၃ စီးနှင့် ကားလေး ၁ စီးဖြင့်တိုကျိုရှိ မြန်မာနိုင်ငံသူ နိုင်ငံသားများ အင်အား ၁၅၀ ဦးခန့် နှင့်ဂျပန်လူမျိုး ၂၀ ဦးတို့ ဖြင့်သွားရောက် ပြီး လူစုခွဲ၍ အားတက်သရော တနေ့တာ လုပ်အားပေးကြမည်ဖြစ်ပါသည်။

ဂျပန်ရှိ တချို့သောမြန်မာများသည် အကြောင်းအမျိုးမျိုးကြောင့် လုပ်အားပေး လိုက်ပါနိုင်ခြင်း မရှိခဲ့သော်လည်း မိမိတို့ တတ်နိုင်သည့် ဘက်က အလှူငွေ ၊ ဆန် ၊ ရေသန့်ဗူး ၊ ရေနွေးကြမ်းဗူး ၊ ကော်ဗီဗူး ၊ အစားအသောက် ပစ္စည်းများ စေတနာ ထက်သန်စွာဖြင့် လာရောက် လှူဒန်း သွားခဲ့ကြသည်ကိုလည်း သိရှိရပါသည်။


၂၀၁၁ ခုနှစ် ဇွန်လ ၁၈ ရက်နေ့(စနေနေ့) ည ၉ နာရီတွင် (takadanobaba bigbox )ရှေ့မှ စတင်ထွက်ခွါ သွားပြီး ဇွန်လ ၁၉ ရက်(တနင်္ဂနွေနေ့) မနက်တွင် သတ်မှတ်နေရာသို့ ရောက်ရှိမည် ဖြစ်ပါသည်။
... (more info)

No comments:

Post a Comment