Sunday, March 10, 2013
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဧပြီလ ၁၂ရက်နေ့ညနေပိုင်းမှာ ပိတောက်ပန်းများပွင့်ရာ ရန်ကုန်မြို့မှ ထွက်ခွာမှာဖြစ်ပြီး ဧပြီလ ၁၃ရက်နေ့ မနက်ပိုင်းမှာ ချယ်ရီပန်းများပွင့်ရာ ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ရောက်ရှိလာမှာ ဖြစ်ပါတယ်..။
အဆိုပါ ၁၃ရက်နေ့ စနေနေ့ ညနေပိုင်း ၄နာရီခန့်မှာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်..။ (နေရာ အတိအကျကို ဆက်လက်ဖော်ပြပေးပါမည်)
ထိုမှ တဆင့် ၁၉၈၅/၈၆ခုနှစ်က ၉လတာ မြန်မာ့လွတ်လပ်ရေးသမိုင်း ပြုစုခဲ့ရာ တိုကျိုတက္ကသိုလ်သို့လည်း သွားရောက်မှာ ဖြစ်ပြီး အဆိုပါ ကျိုတိုတက္ကသိုလ်၌လည်း မြန်မာနိုင်ငံသားများနှင့် ထပ်မံတွေ့ဆုံမှာ ဖြစ်ပါတယ်..။ ရက်အတိအကျကို ထပ်မံဖော်ပြပါမည်..။
ဧပြီလ ၁၉ရက်နေ့အထိ ဂျပန်နိုင်ငံမှာ ရက်သတ္တပတ် တပတ်ကြာ နေထိုင်မှာ ဖြစ်ကြောင်း သိရှိရပါသည်...။
ဒီမိုဝေယံ
http://www.ustream.tv/channel/bcjp-channel-2 ,http://hdvideonewsjp.blogspot.jp/,http://burmacampaign.net/ တို တွင် တိုက်ရိုက် ထုထ်လွင့် ပေးသွားမည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment